Myanmar Hymn Lyrics

102
Hymn Number
292
Views
PPTX: 128
PDF: 136
Downloads
2025-09-29 20:41
Created At

Hymn 102

သားတော်မြတ်ဖြစ်ကျူး

၁။ ခရစ်တော်ယုံသော ငါတို့သည် ရှေးရွေးကောက်တော်မူခြင်းဖြင့်၊ 
သားတော်၏ အခွင့်ကို ရ၏၊ ကျေးဇူးတော် သက်သက်သာလျှင်၊
မြတ်ဘုရားရှင် ချစ်ကရုဏာတော်ဖြစ်သည်၊ 
မြတ်ဘုရားရှင် ချစ်ကရုဏာတော်ဖြစ်သည်။ 

၂။ ဖောက်ပြန်ဝိညာဉ်တိုင်း ပြစ်မှား၍ ဒဏ်ကို အမြဲခံထိုက်ချေ၊
ထာဝရရှင်မေတ္တာ ကြံစည်ကယ်ချွတ်ခြင်း သနားပေးပေ၊ 
ယေရှုအားဖြင့် သင်္ချေများစွာ ချမ်းသာသည်၊ 
ယေရှုဘုရားရှင် ချစ်ကရုဏာတော်ဖြစ်သည်။ 

၃။ ငါ၏ ဝိညာဉ်ရပ်တန့် အံ့ဩ ဘယ်ကြောင့် ထိုသို့ဖြစ်သနည်း၊ 
ကျေးဇူးတော်သာ ငါ့ကို ရွေးခေါ်၊ ခရစ်တော်အိမ်တော်သွင်းသည်၊ 
ဟာလေလုယ၊ ဂုဏ်တော်ချီးမွမ်းထာဝရ၊ 
ဟာလေလုယ၊ ဂုဏ်တော်ချီးမွမ်းထာဝရ။ 

၄။ ထိုမေတ္တာအစမရှိပါ၊ ဆုံးခြင်းလည်းကင်းရဖြစ်၍၊ 
ကျေးဇူးရှင် အိုထိန်းစောင့်ကြည့်ပါ၊ ငြိမ်သက်သန့်စင် လမ်းလျှောက်စေ၊ 
ပါရမီမျိုး ပြည့်စုံ ခိုင်ခံ့စေမူပါ၊ ပါရမီမျိုး ပြည့်စုံ ခိုင်ခံ့စေမူပါ။

၅။ ရှေးမဆွက မြတ်ဘုရားရှင်၊ ပြင်ဆင်နှင့်သော ဗိမာန်မှာ၊ 
ဘုန်းတော်မြတ်တွင် ဆက်ဆံနေစဉ်၊ ကောင်းကင်သားတို့နှင့် တကွ၊ 
ကျေးဇူးတော်ကို ကြွေးကြော်ချီးမွမ်းအေးကျူးရာ၊
ကျေးဇူးတော်ကို ကြွေးကြော်ချီးမွမ်းအေးကျူးရာ။
Hymn Number:
102
Title (Myanmar):
သားတော်မြတ်ဖြစ်ကျူး
Title (English):
Sons we are through God’s election
Composer:
Thomas Hastings (1784-1872)
Key:
N/A
Scriptures:
ရော၊ ၁၁း၇
Category:
ခရစ်တော်ချီးမွမ်း

PPTX File

Download PPTX

Downloads: 128
PDF File

Download PDF

Downloads: 136
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.
Myanmar Hymn Lyrics © 2026. All rights reserved.
Acknowledgement: This website is lovingly developed for the Myanmar Christian community to make hymn lyrics easily accessible and shareable. Special thanks to all contributors, supporters, and users who inspire this project.
I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.