Copy to Clipboard
၁။ အိုယေရှုရှင် ကိုယ်တော်မြတ်သည်၊ အသက်သခင် အလင်းဖြစ်၏၊
ပေးတော်မူသော ဆုမင်္ဂလာ၊ ကိုယ်တော်ရှင်အား ပြန်ဆက်လိုပါ။
၂။ သစ္စာတော်သည် အမြဲတည်၏၊ ဆုတောင်းသူကို ကယ်တော်မူသည်၊
ကိုယ်တော်ကို ရှာသူတို့သည်လည်း၊ ကိုယ်တော်ရှင်ကို တွေ့ကြရ၏။
၃။ အသက်ရှင်သော မုန့်မြည်းစမ်းပြီ၊ ထိုမုန့်ကိုပင် စားလိုပါ၏၊
အသက်ရေကိုလည်း သောက်ရပြီ၊ ထိုရေကိုပင် သောက်လိုပါသည်။
၄။ မမြဲဘဝမှာနေစဉ်တွင် ကိုယ်တော်ရှင်ကို တောင့်တမျှော်လင့်၊
ပြုံးရွှင်မျက်နှာဖူးရ ဝမ်းသာ ယုံကြည်မြဲက ကောင်းချီးမှန်ရ။
၅။ အိုယေရှုရှင် အစဉ်နေပါ၊ သက်တာြငိမ်သက် ထွန်းလင်းစေပါ၊
အပြစ်ကို ဖယ်ရှင်းပြီးသောခါ၊ ရောင်ခြည်တော်ဖြင့် ထွန်းလင်းစေပါ။ အာမင်။
Title (Myanmar):
အိုယေရှုရှင် ကိုယ်တော်မြတ်သည်ကျူး
Title (English):
Jesus, Thou joy of loving hearts
Composer:
Henry Baker (1835-1910)
Category:
ငြိမ်သက်ဝမ်းမြောက်ခြင်း
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.