Copy to Clipboard
၁။ မြေကြီးပေါ်တွင် လူမျိုး အပေါင်း၊ ဘုရားသခင်ကို ချီးမွမ်းကုန်၊
ရိုသေကြောက်ရွံ့ ချစ်ခင်မြတ်နိုး ဘုန်းတော်မြတ်ကို သီချင်းမြွက်ဆို။
၂။ ကိုယ်တော်သာလျှင် ဘုရားမှန်၏၊ လူမျိုးခပ်သိမ်းကို ဖန်ဆင်းပြီ၊
သိုးစုတော်ဖို့ ကျွန်ုပ်တို့ကို ရွေးချယ်စောင့်ထိန်း၍ ချစ်ကြည်ညို။
၃။ ထိုကြောင့် သန့်ရှင်းဗိမာန်တော်သို့ ရွှင်လန်းစိတ်ရှိ စည်းဝေးကြစို့၊
နာမတော်မြတ်ကို ထောမနာ ကျေးဇူးတော်ကို သီချင်းဆိုကြ။
၄။ မေတ္တာတော်သည် အတုမရှိ ကရုဏာတော်အစဉ်တည်၏၊
သစ္စာတော်သည် တည်မြဲခဲ့ပြီး၊ ကမ္ဘာဆက်ဆက်မြဲအံ့သတည်း။ (အာမင်)
Title (Myanmar):
ဘုန်းတော်ချီးကျူး
Title (English):
With one consent let all the earth
Composer:
Genevan Psalter (1551)
Category:
ဂုဏ်တော်ချီးမွမ်း
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.