Copy to Clipboard
၁။ ငြိမ်သက်သာယာသော ပြည်ရှိသည် ရပ်ဝေး၊
သန့်ရှင်းသူမြတ် ထိုပြည်ရောင်အဝါနေ၊
နားထောင်သီချင်းသံချို ကယ်ပိုင်တော်မူသောရှင်ကို၊
သူတို့ ချီးမွမ်း သီဆို မပြတ်အစဉ်။
၂။ ထိုရွှင်မြူးစေသော ပြည်သွားကုန်ပါလေ၊
ဘယ်သို့ စိုးရိမ်သနည်း၊ ဘယ်ကြောင့် ဆိုင်းနေ၊
ထိုပြည်သို့ ဒို့ရောက်လျှင်၊ ပူပန်ခြင်းပြစ်များနှင့် ကင်း၊
ဖူးမြင်မည် ကျေးဇူးရှင် ချမ်းသာအစဉ်။
၃။ ထိုပြည်သူ မျက်စိများ ထွန်းတောက်ပလေ၊
အဖစောင့်တော်မူခါ မေတ္တာမသေ၊
ဒို့အားလုံး ဝင်ပြီးမှ ထိုင်မည် နန်းတော်နေထက်လှ
အိမ်သူ အိမ်သား ချစ်ခင် မေတ္တာအစဉ်။
Title (Myanmar):
သာယာသော ပြည်ကျူး
Title (English):
There is a happy land
Category:
ကောင်းကင်ရွှေပြည်
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.