Myanmar Hymn Lyrics

414
Hymn Number
479
Views
PPTX: 174
PDF: 175
Downloads
2025-10-15 20:14
Created At

Hymn 414

နိုးကြားလျက် တည်ဆောက်ကြ

၁။ ကိုယ်တော် ခန္ဓာအသင်းတော်အား နိုးကြားလျက် တည်ဆောက်ကြ၊ 
ရှေးလူများ ယေရုရှလင်မြို့ရိုး ပြုပြင်သည်နည်း၊ 
ထိုနည်းတူစွာ ယနေ့တွင်လည်း လူတိုင်း နိုးကြားကြလျက်၊ 
အသင်းတော်အား တည်ဆောက်ဘို့ရန် ဝိညာဉ်တော် ဆုတောင်းခံပါ။ 

ထပ်ဆို 
သန့်ရှင်းဝိညာဉ် မြတ်ဘုရားရှင် ကျွန်ုပ်တို့ပေါ် ဆင်းသက်မူပါ၊ 
အသင်းတော် တည်ဆောက်ကြဖို့ရာ၊ လူတိုင်းတို့အား နိုးကြားစေပါ။ 

၂။ လွန်ခဲ့နှစ်များ လျှောက်ရာသက်တာ ချို့ယွင်းချက်များပြားလှ၊ 
ဇာတိစိတ်အားဖြင့်သာ သွားလာလုပ်ဆောင်ခဲ့မိပါ၊ 
ကျွန်ုပ်တို့ ပြစ်များ လွတ်လျက်သာ ဆက်လက် သုံးပြုမူပါ၊ 
အသင်းတော်အား မေတ္တာဖြင့်သာ တည်ဆောက်ရန် ခွန်အားပေးပါ။ 

၃။ ကိုယ်တော်၏ အသင်းတော်များတို့ ကိုယ်တော်ဖို့ မှုဆောင်စို့
လောကသားများအား ကယ်တင်ရန် တာဝန်ထမ်းရွက်ဖို့
ကိုယ်တော်စေခိုင်းရာ တာဝန်အား လူတိုင်း လုပ်ဆောင်ဖို့ရာ၊ 
နိုးကြားထကြွ မှုတော်ဆောင်ပါ ဝိညာဉ် ခွန်အား တောင်းခံပါ။
Hymn Number:
414
Title (Myanmar):
နိုးကြားလျက် တည်ဆောက်ကြ
Title (English):
N/A
Composer:
Saya U Chit Nyi
Key:
N/A
Scriptures:
N/A
Category:
အသင်းတော်

PPTX File

Download PPTX

Downloads: 174
PDF File

Download PDF

Downloads: 175
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.
Myanmar Hymn Lyrics © 2026. All rights reserved.
Acknowledgement: This website is lovingly developed for the Myanmar Christian community to make hymn lyrics easily accessible and shareable. Special thanks to all contributors, supporters, and users who inspire this project.
I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.